အခမ်းအနားတက်ရောက်ခြင်း

၆.၁၂.၂၀၂၅ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန မှ ကြီးမှူးကျင်းပသည့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်း အခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊     မရမ်းကုန်းမြို့နယ်၊ မြန်မာကွန်ဗင်းရှင်းစင်တာ ၌ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနား သို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်ညိုညိုလတ် နှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မော်မော်သန်း၊ ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦး နှင့်အဖွဲ့ဝင်များ တို့က တက်ရောက်ခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံမှုများ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း နှင့် ကလေးများအား Royal D အချိုရည်ဘူးများ ဝေငှပေးခဲ့ကြပါသည်။