
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ HIMNCH & Data Project မှ MNCH Training for Volunteers သင်တန်းကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက် နှင့် (၃၁)ရက်နေ့တို့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ် သို့ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို)၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနား သို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊ တနင်္သာရီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ နှင့်အတူ မြိတ်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) မှ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း နှင့် အဖွဲ့က သင်တန်းပို့ချပေးခဲ့ကြပြီး အဆိုပါ သင်တန်းသို့ မြိတ်မြို့နယ်မှ အသင်းဝင်စေတနာ့ဝန်ထမ်း (၃၁)ဦးတို့က သင်တန်းတက်ရောက်ခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ နှင့် အဖွဲ့သည် မြိတ်မြို့နယ် အတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင်သားဖွားခန်း နှင့် အသင်းပိုင်မူကြိုကျောင်း သို့ သွားရောက်စစ်ဆေးကြည့်ရှု့ခဲ့ကြပြီး အသင်းပိုင်မူကြိုကျောင်း မှ ကလေးငယ်လေးများအား ကျောင်းဝတ်စုံ ထောက်ပံ့ခြင်း နှင့် အာဟာရကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ပြုလုပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ မှ အသင်းပိုင်သားဖွားခန်း နှင့် မူကြိုကျောင်း အဆောက်အဦအခြေအနေများအား လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ နှင့် ပျက်စီးမှုများ ကိုပြင်ဆင်ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
