MNCH & Data Training for Volunteers သင်တန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ HIMNCH & Data Project မှ MNCH Training for Volunteers သင်တန်းကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက် နှင့် (၂၂)ရက်နေ့တို့တွင်  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို)၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်  က အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနား သို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ နှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊ ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊  ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ နှင့်အတူ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပါသည်။ သင်တန်းသားများ စာရင်းဇယားဖြည့်သွင်းရာတွင် အသုံးပြုနိုင်ရန်အတွက် Samsaung Phone များကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဉက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက ပေးအပ်ရာ ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက ၊ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) မှ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း နှင့် အဖွဲ့က သင်တန်းပို့ချပေးခဲ့ကြပြီး အဆိုပါ သင်တန်းသို့ မြစ်ကြီးနားမြို့နယ်မှ အသင်းဝင်စေတနာ့ဝန်ထမ်း (၃၁)ဦးတို့က သင်တန်းတက်ရောက်ခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ နှင့် အဖွဲ့ တို့သည် ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင်သားဖွားခန်း သို့ သွားရောက်ကာ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းထောက်ပံ့ပေးခြင်း နှင့် သားဖွားခန်းအား စစ်ဆေးကြည့်ရှု့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ယင်းနောက် မြစ်ကြီးနားမြို့နယ် အသင်းပိုင် မူလတန်းကြိုကျောင်းသို့ သွားရောက်ကြည့်ရှု့ခဲ့ကြပြီး ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ သည် ပူတာအိုမြို့နယ် အသင်းပိုင်သားဖွားခန်း အဆောက်အဦပြင်ဆင်ရန်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၅၀) အားလည်းကောင်း၊ မြစ်ကြီးနားမြို့နယ် အသင်းပိုင်သားဖွားခန်း အတွက် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူနိုင်ရန် ထောက်ပံ့ငွေ ကျပ်(၄)သိန်း အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။