Capacity Building & Basic Computer Training for Project Assistant (PA) သင်တန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ HIMNCH Project မှ Capacity Building & Basic Computer Training for Project Assistant (PA)  သင်တန်းကို (၄/၄/၂၀၂၆)ရက်နေ့၊ Inya Lake Hotel , Yangon တွင် ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို)၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်  က အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနား သို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ၊ ဒုတိယဉက္ကဋ္ဌ  နှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် နေပြည်တော် တို့မှ တိုင်းဒေသကြီးအဆင့် စီမံချက်တာဝန်ခံများ၊ မြို့နယ်အဆင့် စီမံချက်တာဝန်ခံများ စုစုပေါင်း (၃၃)ဦး တို့က တက်ရောက်ခဲ့ကြပါသည်။
စီမံချက်တာဝန်ခံများအနေဖြင့် စီမံချက်ကာလအတွင်း စာရင်းဇယားဖြည့်သွင်းရာတွင် အသုံးပြုနိုင်ရန်အတွက် Laptop ကွန်ပျူတာများကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဉက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက ပေးအပ်ရာ တိုင်းဒေသကြီးအလိုက်မြို့နယ်အသီးသီးတို့မှ စီမံချက်တာဝန်ခံများက လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) မှ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း နှင့် အဖွဲ့က သင်တန်းပို့ချပေးခဲ့ကြပါသည်။