မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှသက်ငယ်မုဒိမ်းကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲပြုလုပ်

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည်၂၀၁၉ခုနှစ်ဇူလိုင်လ (၁၁)ရက်နေ့နေ့လည် (၃:၀၀)နာရီအချိန်တွင် အသင်း ရုံးဝန်းအတွင်းဖွင့်လှစ်ထားသောမေတ္တာစမ်းရေအသင်းပိုင်မူလတန်းကြိုကျောင်းတွင်မူကြိုကလေးငယ်များ၏မိဘများကိုဖိတ်ကြား၍သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေးအသိပညာဆွေးနွေးခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။အဆိုပါဆွေးနွေးပွဲသို့မူကြိုကလေးငယ်များ၏မိဘ/အုပ်ထိန်းသူများ(၉၀)ဦးခန့်တက်ရောက်ခဲ့ပြီးအသင်းဥက္ကဌနှင့်အတွင်းရေးမှူးတို့မှသက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ဆောင်ရွက်ရန်လိုအပ်သည်များ၊သတိပြုလိုက်နာရမည့်အချက်များစသည်တို့ကိုရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။