ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ

          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းမှ ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ(၁၈)ရက် နေ့၊ နေ့လည် (၁:၀၀)တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
          အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံသွေးတိုးရောဂါအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒက္ခိဏသီရိမြို့နယ် နှင့် လယ်ဝေးမြို့နယ်မှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အသင်းရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
          ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့မှ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမြင့်ဟန်က သွေးတိုးရောဂါ နှင့် ပတ်သတ်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များနှင့် ကျန်းမာသော လူနေမှုဘဝပုံစံ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့ ပညာရှင်များမှ တက်‌ရောက်လာ သူများကို သွေးပေါင်စနစ်တကျချိန်ပေးခြင်း၊ ဆီးချိုရောဂါနှင့် သွေးတွင်းအဆီဓာတ် စစ်ဆေးပေးခြင်းများ၊ လိုအပ်သူများကို ဆေးကုသပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပါ သည်။