ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် Rotaplast International အဖွဲ့တို့ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ၊ မီးလောင်ဒဏ်ရာများ၊ မွေးရာပါချို့ယွင်းချက်ရှိသောလူနာများ ခွဲစိတ်ကုသခံယူမှုအခြေအနေကို သွားရောက်ကြည့်ရှုထောက်ပံ့ခြင်း (၁၁.၈.၂၀၁၆ မှ ၁၇.၈.၂၀၁၆ထိ)

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်။

          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌန နှင့်  Rotapast International အဖွဲ့တို့ ပူးပေါင်း ၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ၊မီးလောင်ဒဏ်ရာများ၊မွေးရာ ပါချို့ယွင်းချက်ရှိသော လူနာများကို စုစည်းပြီး နေပြည်တော်၊ကုတင်(၃၀၀)အငြိမ်းစား ဆေးရုံကြီးတွင် (၁၁-၈-၂၀၁၆)မှ(၁၇-၈-၂၀၁၆)ရက်နေ့အထိ ခွဲစိတ်ကုသမှုများကို ဆောင်ရွက်လျှက်ရှိပါသည်။

          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ   ဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့ နံနက်(၁၀း၀၀) နာရီတွင်နေပြည်တော်ကုတင်(၃၀၀) အငြိမ်းစားဆေးရုံကြီး သို့သွားရောက်ပြီးနှုတ်ခမ်းကွဲ၊အာခေါင်ကွဲနှင့်အခြားမွေးရာပါချို့ယွင်းသောလူနာ(၇၀)ဦးနှင့် နှုတ်ခမ်းကွဲ၊အာ ခေါင်ကွဲခွဲစိတ်ခြင်း လုပ်ငန်းများတွင် အထွေထွေအသုံးပြုရန်အတွက် အလှူငွေကျပ်စုစုပေါင်း သိန်း(၅၀)ကျပ် နှင့်အာဟာရများကို ထောက်ပံ့ခဲ့ပါသည်။

                 ယခု    ခွဲစိတ်ကုသမှုအစီအစဉ်တွင် ကရင်ပြည်နယ်၊ကယားပြည်နယ်၊ နေပြည်တော်နှင့် အနယ်နယ် အရပ်ရပ်မှ လူနာများပါဝင်ကြောင်း သတင်းရရှိခဲ့ပါသည်။