ကျန်းမာရေးဝန်ထမ်းမိသားစုဝင်များနှင့် လူနာများအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ နှင့် အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း တို့သည် (၇-၄-၂၀၂၅)ရက်နေ့တွင်  နေပြည်တော်၊ ကုတင်(၁၀၀၀)ပြည့်သူ့ဆေးရုံကြီး သို့ သွားရောက်ကာ  ငလျင်ဘေးသင့် ကျန်းမာရေးဝန်ထမ်း မိသားစုဝင်များနှင့် လူနာများအတွက် ထောက်ပံ့ငွေ ကျပ်သိန်းငါရာ (၅၀,၀၀၀,၀၀၀/-) အား သွားရောက်လှူဒါန်းပေးခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။