ကျား၊မ အခြေပြု အကြမ်းဖက်မှုများမှ ကာကွယ်စောင့်‌‌ရှောက်ခြင်းဆိုင်ရာ သင်တန်း


မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းနှင့် IPPF – SPRINT Project တို့ ပူးပေါင်းဆောင်ရွက်သည့် ကျား၊မ အခြေပြု အကြမ်းဖက်မှုများမှ ကာကွယ်စောင့်‌ရှောက်ခြင်းဆိုင်ရာ သင်တန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေး အသင်း(ဗဟို)ရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြားပြီး ဗဟိုအလုပ်အမှုဆောင်များမှ သင်တန်းပို့ချခဲ့ပါသည်။
 
အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေတို့မှ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။