ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း နှင့် ထောက်ပံ့ငွေပေးအပ်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း မှ ၈.၁၂.၂၀၂၅ ရက်နေ့ မြောက်ဥက္ကလာပ မြို့နယ် နှင့် လှိုင်မြို့နယ် ရှိ KG ကလေးများအတွက် ကျောင်းတွင်းအာဟာရ‌ ကျွေးမွေးခြင်း နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းများ ကို ပြုလုပ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်  မှ  KG ကလေးငယ်များအတွက် အာဟာရထောက်ပံ့ငွေ ကျပ်သိန်း(၂၀) ကို လှိုင်မြို့နယ်ပညာရေးမှူး ထံသို့လည်းကောင်း၊ အာဟာရထောက်ပံ့ငွေ ကျပ်(၈၄)သိန်း ကို မြောက်ဥက္ကလာပမြို့နယ်ပညာရေးမှူး ထံသို့လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မော်မော်သန်း၊ ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦး နှင့်အဖွဲ့ဝင်များ က KG ကလေးငယ်  (၁၀၇)ဦး တို့အား အစာမစားမီ လက်ဆေးခြင်းအကြောင်း သင်ကြားပေးကာ လက်တွေ့သရုပ်ပြသ ဆေးခြင်း နှင့်  အာဟာရကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ပြုလုပ်ခဲ့ကြပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ  ငွေကျပ် (၂)သိန်းတန်ဖိုးရှိ သွားတိုက်ဆေးနှင့် သွားတိုက်တံများကို KGကလေးငယ် (၁၀၇)ဦးတို့ အား ထောက်ပံ့ပေးအပ်ခြင်း နှင့် ကလေးငယ်များ အစာစားပြီးချိန်တိုင်းတွင် သွားတိုက်/ပလုတ်ကျင်းခြင်း တို့ကို စနစ်တကျ ပြုလုပ်တတ်စေရန် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူမှ လက်တွေ့ သရုပ်ပြသင်ကြားပေးခဲ့ပါသည်။