ကွင်းဆင်းကြည့်ရှု့ခြင်း။

၁၆.၇.၂၀၂၄ ရက်နေ့တွင် လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်အတွင်း ရှိ အောင်မင်္ဂလာအသင်းပိုင်သားဖွားခန်း နှင့် မေတ္တာရင်ခွင်မူကြိုကျောင်း သို့ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဌ နှင့် အတွင်းရေးမှူး ၊ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မော်မော်သန်း၊ ဥက္ကဌ ဒေါ်ဖြူဖြူစိန် နှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး၊ ဆောက်လုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ က သွားရောက်ခဲ့ကြပြီး အောင်မင်္ဂလာသားဖွားခန်း ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြပါသည်။
ဆက်လက်၍ မင်္ဂလာဒုံမြို့နယ် ၊ရွှေနံ့သာကျေးရွာအုပ်စု တွင်ဖွင့်လှစ်ထားသည့် မိခင်ကလေးအသင်းပိုင် မေတ္တာရင်ခွင်မူကြိုကျောင်း သွားရောက်ကာ မူကြိုကလေးငယ်များအား အာဟာရကျွေးမွေးခြင်း၊ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း နှင့် အသင်းဗဟိုမှ မူကြိုကလေးငယ်များအတွက် ကျောင်းဝတ်စုံများ နှင့် ကျောင်းအတွက် အလှူငွေ(၃)သိန်းကျပ် ပေးအပ်ခဲ့ပါသည်။