ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ‌ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဌ ဒေါက်တာတင်ညိုညိုလတ်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းတို့သည် (၁.၈.၂၀၂၅) ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသင်းပိုင်သားဖွားခန်း နှင့် အသင်းပိုင်မူလတန်းကြိုကျောင်းများသို့ သွားရောက်ကာ  ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါခရီးစဉ်ကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး တို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့  နာယက ဒေါ်မော်မော်သန်း၊  ဥက္ကဌ ဒေါ်နုနုဆွေ နှင့်အဖွဲ့ဝင်တို့ ပါ လိုက်ပါခဲ့ကြောင်း သိရှိခဲ့ရပါသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၄)ရပ်ကွက်ရှိ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင်သားဖွားခန်းသို့ ကွင်းဆင်း၍ သားဖွားခန်း အဆောက်အဦ ၏ အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍   ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီး(တောင်ပိုင်း)ရပ်ကွက်ရှိ မြို့နယ် မိခင်နှင့်‌ကလေးစောင့်ရှောက်ရေးအသင်းပိုင် မြတ်နိုးရိပ်မူကြိုကျောင်း၊ စိုက်ပျိုးမွေးမြူရေးအမှတ်(၁)ရပ်ကွက်ရှိ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် အမေ့ရင်ခွင်မူကြိုကျောင်း နှင့်  ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူကြိုကျောင်းများသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တို့က လိုအပ်သည်များအားလမ်းညွှန်မှာကြားခြင်း နှင့် မူလတန်းကြိုကျောင်း တစ်ကျောင်းလျှင် ငွေကျပ်(၃၀၀,၀၀၀/-) (သုံးသိန်းကျပ်တိတိ) စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။
ထို့နောက် မူလတန်းကြိုကျောင်းများ မှ  သားငယ်/သမီးငယ်လေးများအား ပဲနို့နှင့်ပေါင်မုန့် အာဟာရ ကျွေးမွေးခြင်း နှင့် သွားတိုက်ဆေး/သွားတိုက်တံများ ထောက်ပံ့ပေးခဲ့ကြပြီး အသင်း(ဗဟို) ဥက္ကဋ္ဌ နှင့် အဖွဲ့တို့သည် ခရီးပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။