ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့ရသော နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသင်းပိုင်သားဖွားခန်း နှင့် အသင်းပိုင်မူကြိုကျောင်းများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခြင်း

၂၀၂၅ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့တွင်  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့်အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာကေသီကျော်၊ ဒေါက်တာဝင်းပုလဲ နှင့် ဒေါက်တာတင်တင်လေး တို့သည် နေပြည်တော် ကောင်စီနယ်မြေအတွင်း ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့ရသော ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင် အသင်းပိုင်မူကြိုကျောင်း ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်ရှိ ပျဉ်းမနားအသင်းပိုင်မူကြိုကျောင်း နှင့် ပျဉ်းမနားအသင်းပိုင်သားဖွားခန်း တို့ကိုလည်းကောင်း၊ ပုပ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန် အသင်းပိုင်မူကြိုကျောင်း နှင့် အေးမြင့်သာယာ အသင်းပိုင်မူကြိုကျောင်း တို့ကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်ရှိ လယ်ဝေးအသင်းပိုင်မူကြိုကျောင်း တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှ့ စစ်ဆေးခဲ့ကြပါသည်။
လတ်တလောတွင် ဖွင့်လှစ်ထားသော ပုပ္ဗသီရိမြို့နယ်အတွင်းရှိ ကျည်တောင်ကန် အသင်းပိုင်မူကြိုကျောင်း နှင့် အေးမြင့်သာယာမူကြိုကျောင်းများ ရှိ ကလေးငယ်လေးများ အာဟာရဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှေက်ရေးအသင်း(ဗဟို) မှ ထောက်ပံ့ငွေကျပ် (၂၀၀,၀၀၀)စီ အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တို့က နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  နှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ငလျင်ဒဏ်သင့်၍ ပျက်စီးခဲ့ရသည်များအား လိုအပ်သည့် ပြုပြင်မှုများဆောင်ရွက်နိုင်ရန် အတွက် အသေးစိတ်အစီအစဉ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။