ဆယ်အိမ်စုမှုးသင်တန်း

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ တို့ ပူးပေါင်းဖွင့်လှစ်သည့် ဆယ်အိမ်စုမှူးသင်တန်းကို ဘားအံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ မှ (၁၇)ရက်နေ့အထိလည်းကောင်း၊ မြဝတီမြို့နယ်တွင် ဖေဖော်ဝါရီ (၂၄)မှ(၂၆)ရက်နေ့ထိလည်းကောင်း ဖွင့်လှစ်၍ သင်တန်းပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်း တွင် ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းပို့ချပေးခဲ့ ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။