တင်ဒါအတည်ပြုရွေးချယ်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းနှင့် သံသုမာလမ်းထောင့်၊ အမှတ် (၂၉၅) ရှိမြေ (၁.၈၆) ဧကနှင့် ၎င်းမြေပေါ်တွင် တည်ဆောက်ထားသော အဆောက်အဦ(၁၃)လုံးကို ၂၀၁၈ခုနှစ်မှစတင်၍ (၅)နှစ်မှ (၁၀)နှစ်အထိ ငှားရမ်းလုပ်ကိုင်ခွင့် တင်ဒါခေါ်ယူခဲ့ရာ တင်ဒါအဆိုပြုလွှာ လာရောက်တင်သွင်းသူများအနက် Forever Group Co., Ltd ကို တင်ဒါကော်မတီမှ အတည်ပြုရွေးချယ်လိုက်သည်။