၂၀၁၇ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကပြါမောက်ခဒေါက်တာစန်းစန်းမြင့်အောင်၊အတွင်းရေးမှူးနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များသည်အသင်းမှတာ၀န်ရှိသူများ၊နေပြည်တော်ကုတင်
(၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှသွားဘက်ဆိုင်ရာအထူးကုဆရာ၀န်အဖွဲ့၊ပျဉျးမနားကုတင်(၂၀၀)ပြည်သူ့ဆေးရုံမှမျက်စိအထူးကုဆရာ၀န်များ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြား ရေးမှူးနှင့်ဆရာ၀န်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အတွင်းရေးမှူး နှင့်အဖွဲ့၀င်များ၊ဇမ်ဗူသီရိမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကနြှင့်အဖွဲ့၀င်များ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမေတ်တာစမ်းရေဆေးခန်းမှ လက်ထောက်ဆရာ၀န်များ လိုက်ပါ
လျက် ၂၀၁၇ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့တွင် နေပြည်တော်၊ဇမ်ဗူသီရိမြို့နယ်၊လက်ပံခါးလှကျေးရွာသို့သွား ရောက်ကာ ရွေ့လျားကျန်းမာရေးဆေးခန်းကို ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကပြါမောက်ခဒေါက်တာစန်းစန်း မြင့်အောင်မှ အမှာစကားပြောကြားပြီး၊လက်ထောက်ဆရာ၀န်ဒေါက်တာခိုင်နွယ်ဟန်မှသွေးလွန်တုပ်ကွေး ရောဂါအကြောင်းကိုလည်းကောင်း ၊အသက်(၂၄)နှစ်အောက်လူငယ်များကို မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာအိအိမောင်က ပျိုရွယ်သူကျန်းမာ
ရေးအသိပညာပေးခြင်းကိုလည်းကောင်း၊ “ လူကုန်ကူးခြင်းဆိုင်ရာသိကောင်းစရာများ’’ အကြောင်းကို ပြည်ထဲရေး၀န် ကြီးဌာနမှ ရဲအုပ် ရဲမင်းလွင်မှလည်းကောင်း၊ဆက်သွယ်ရေးအရာရှိဒေါ်အေးသီရိမြတ်ကကျား/မ ရေးရာတန်းတူညီမျှခြင်းနှင့်ပတ်သက်၍လည်းကောင်း အသီးသီးကျန်းမာရေးအသိပညာပေးဟောပြောခဲ့
ကြပါသည်။
ဆက်လက်၍ အဘိုးအဘွားများကို အားဆေးနှင့်အာဟာရဖြစ်စေသောအစားအစာများကိုလည်း
ကောင်း၊ကိုယ်၀န်ဆောင်မိခင်များကို ကလေးအကျႌ၊အနှီးပိတ်၊အိုင်အိုဒင်းဆားနှင့်ဆပ်ပြာများကို လည်း
ကောင်း၊ကျေးရွာစာကြည့်တိုက်အတွက်မေတ်တာစမ်းရေမဂ်ဂဇင်းများကို လည်းကောင်းလှူဒါန်းခဲ့ပါသည်။
အဆိုပါ ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းသို့် သက်ကြီးဘိုးဘွားများ၊ကိုယ်၀န် ဆောင်များ၊လူငယ်များနှင့် လာရောက်ပြသသောလူနာများ အပါအ၀င်ကျေးရွာရပ်ကွက်မှတာ၀န်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ကျန်းမာရေးစစ်ဆေးခြင်းများကိုလည်းဆက်လက်ဆောင်ရွက်ခဲ့ရာကိုယ်၀န်ဆောင်(၁၆)ဦး၊သက်ကြီး ဘိုးဘွား (၃၂)ဦး၊ မျက်စိ လူနာ( ၆၃ )ဦး၊ သွားနှင့်ခံတွင်းလူနာ( ၂၄ )ဦး နှင့် အထွေထွေလူနာ (၉၃)ဦး စုစုပေါင်း( ၂၂၈ )ဦး တို့ကို ကြည့်ရှု့စစ် ဆေးကုသပေးခဲ့ပြီးညှှန်းပို့ရန်လိုအပ်သောလူနာများကို နီးစပ် ရာကျန်းမာရေးဌာနသို့ ညှှန်းပို့ခြင်းနှင့်ချို့တဲ့လူနာများကို ထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက်ပေးနိုင်ခဲ့
ကြောင်းသတင်းရရှိ ပါသည်။