
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင် နှင့်အတူ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာကေသီကျော်၊ ဒေါက်တာယုယုခင် တို့သည် နေပြည်တော် နယ်မြေအတွင်းရှိ ဇေယျာသီရိမြို့နယ်၊ ရေဇင်းကျေးရွာအုပ်စု အသင်းပိုင်မူကြိုကျောင်း နှင့် တပ်ကုန်းမြို့နယ် အသင်းပိုင်သားဖွားခန်း သို့ (၆-၈-၂၀၂၅) ရက်နေ့တွင် သွားရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်ရှိ ရေဇင်းကျေးရွာအုပ်စု အသင်းပိုင်မူကြိုကျောင်း ၏ မူကြိုကျောင်းအဆောက်အဦ အခြေအနေ နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှုတို့အား ကြည့်ရှု့စစ်ဆေး ကာ လိုအပ်သည်များမှာကြားခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် တို့သည် မူလတန်းကြိုသားငယ်/သမီးငယ်လေးများအတွက် အာဟာရထောက်ပံ့ငွေ ကျပ် (၃၀၀,၀၀၀/-)သုံးသိန်းကျပ်တိတိ နှင့် ကျောင်းဝတ်စုံ၊ သွားတိုက်ဆေး/သွားတိုက်တံ တို့အား ထောက်ပံ့ပေးခဲ့ကြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ နှင့် အဖွဲ့သည် ဥတ္တရသီရိခရိုင်၊ တပ်ကုန်းမြို့နယ် သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး တပ်ကုန်းမြို့နယ် အသင်းပိုင် သားဖွားခန်း အဆောက်အဦ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများ နှင့် သားဖွားခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။