ပဲခူးတိုင်းဒေသကြီးရေဘေးသင့်ပြည်သူများသို့ သွားရောက်ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌပါမောက္ခ ‌ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းတွင် ပဲခူးမြို့ ဗုဒ္ဓသံဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားရှိသော ပဲခူးတိုင်းဒေသကြီး သဘာဝဘေး ကွပ်ကဲမှုရုံးသို့ သွားရောက်ပြီး ပဲခူးမြို့ ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေကျပ် သိန်းတစ်ရာ လှူဒါန်းရာ ပဲခူးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
          ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ‌ဒေါက်တာ စန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ သည် ရွှေလှေဘူတာ ကျေးရွာသို့ သွားရောက်ပြီး သိမ်ကုန်းကျောင်းတိုက် ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရွှေလှေဘူတာကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စု (၆၀)အတွက် ဆန်၊ဆီ၊ဆား၊ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် မုန့်မျိုးစုံတို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။
          ယင်းနောက် ရွှေလှေဘူတာကျေးရွာမှ ရေဘေးသင့် ပြည်သူများအား မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် ပဲခူးတိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟော ပြောပြီး ကိုယ်ဝန်ဆောင် မိခင်များကို အားဆေးများပေးဝေခဲ့ကြပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ပဲခူးမြို့ပေါ်ရှိ ကလျာဏီ ရပ်ကွက်သို့ သွားရောက်ပြီး ရေကြီးနှစ်မြုပ် လျက်ရှိသော နေအိမ်၊ လမ်းများသို့ အိမ်တိုင်ရာရောက် သွားရောက်ပြီး အိမ်ထောင်စု (၁၅၀) စုအား ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် မုန့်မျိုးစုံတို့ကို သွားရောက် ထောက်ပံ့ လှူဒါန်းပေးခဲ့ပါသည်။