ဗဟိုကောင်စီအစည်းအဝေး

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၏ ဗဟိုကောင်စီအစည်းအဝေးကို            (၂၁-၁-၂၀၂၅) ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်း က အသင်း(ဗဟို) ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် နေပြည်တော်ကောင်စီ နယ်မြေ နှင့် တိုင်းဒေသကြီး/ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ က  မိမိတို့ တိုင်း/ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဘဏ္ဍာရေးမှူး ဒေါက်တာဝင်းပုလဲ က ရသုံးမှန်းခြေငွေစာရင်းနှင့် ဘဏ္ဍာရေးအစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး တက်ရောက်လာသော ဗဟိုကောင်စီဝင် အားလုံးက ကန့်ကွက်ရန် မရှိသဖြင့် ရသုံးမှန်းခြေငွေစာရင်း နှင့် ဘဏ္ဍာရေးအစီရင်ခံစာကို အတည်ပြုခဲ့ကြပါသည်။
ထို့နောက် ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးမှုများအပေါ် အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ ဖြည့်စွက်ရှင်းလင်းခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။