ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (၁၁/၂၀၂၄)

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (၁၁/၂၀၂၄) ကို (18/11/2024)ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားပြီး မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြပါသည်။
ထို့နောက် ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးမှုများအပေါ် ဥက္ကဋ္ဌ မှ ဖြည့်စွက် သုံးသပ်ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရပ်နားခဲ့ကြပါသည်။