မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (၁၂/၂၀၂၄)ကို (၂၄/၁၂/၂၀၂၄)ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန် တွင် နေပြည်တော်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၊ (အစည်းအဝေးခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားပြီး မိမိတို့ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ ကြပါသည်။
ထို့နောက် ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးမှုများအပေါ် ဥက္ကဋ္ဌ မှ ဖြည့်စွက် သုံးသပ်ဆွေးနွေး ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လည်(၃:၃၀)နာရီ အချိန်တွင် ရပ်နားခဲ့ကြပါသည်။