မန္တလေး တက္ကသိုလ်အတွင်း၌ (၁၁ - ၈- ၂၀၁၈) ရက်နေ့မှ (၁၃-၈-၂၀၁၈) ရက်နေ့အထိ ကျင်းပပြုလုပ် သော “လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်”တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအနေဖြင့် ပြခန်း ပါ၀င်ပြသခြင်း။

 မန္တလေးမြို့၊ မန္တလေး တက္ကသိုလ်တွင် (၁၁ - ၈- ၂၀၁၈) ရက်နေ့မှ (၁၃-၈-၂၀၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သော “လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်”တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အနေဖြင့် ပြခန်းပါ၀င်ပြသခဲ့ပါသည်။ အဆိုပါ ပြခန်းတွင် မိခင်နို့တိုက်ကျွေးခြင်း၏အကျိုးကျေးဇူးများ၊ အသက်နှစ်နှစ်အောက်ကလေး များအတွက်အာဟာရ ပြည့်ဝအောင်တိုက်ကျွေးရမည့်အစားအစာများ၊ ကာကွယ်ဆေးများ ထိုးပေးရမည့်အစီအစဉ်များနှင့်ပတ်သက်သော အသိပညာပေးဗီနိုင်းများ၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဗီနိုင်းများကို ခင်းကျင်းပြသထားပြီး၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ နှင့် မျိုးဆက်ပွားကျန်းမာ ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ပါသည်။ ထို့အပြင် လာရောက် ကြည့်ရှုသူများကို  အသိပညာပေးဗီးနိုင်းများအား သေချာစွာဖတ်ရှုလေ့လာ စေပြီး၊ မေးခွန်းများမေး၍ အဖြေမှန် ဖြေဆိုနိုင်သူများကို လက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထိုအခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်၊ ဒုတိယ ဥက္ကဌ(၁) ပါမောက္ခ ဒေါက်တာမာလာဝင်း၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း၊ စာရင်းစစ် ဒေါက်တာခင်၀င်းသက်၊ လက်ထောက် ဆရာဝန် ဒေါက်တာမေချမ်းဦးနှင့် မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အသီးသီးမှ အသင်း ဝင်များ တက်ရောက်ခဲ့ကြပါသည်။