မိခင်ကလေးအသင်းပိုင်သာဖွားခန်းသစ်ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကု တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင်သားဖွားခန်းသစ်ဖွင့်ပွဲ နှင့် ပြင်ဆင်မွမ်းမံပြီးစီးခဲ့သော မူလတန်းကြိုကျောင်းဖွင့်ပွဲ သွားရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့တွင် အသင်းခွဲရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်မှ သားဖွားခန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ မြို့နယ်အသင်းဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ တာဝန်ရှိသူများက သားဖွားခန်းအတွင်း ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု့ခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်ပေးမှု ဆောင်ရွက်ပေးနေခြင်းကို ကြည့်ရှု့အားပေးပြီး အာဟာရပြည့်အစားအစာများနှင့် ဆေးဝါးများထောက်ပံ့ပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက မူလတန်းကြိုကျောင်းကို သွားရောက်ပြီး ကျောင်းဆောင်သစ်တိုးချဲ့ပြင်ဆင်မွမ်းမံပြီးစီးမှုကို ကြည့်ရှု့စစ်ဆေးကာ ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ပြီး အာဟာရဖြစ်စေသည့်မုန့်များ ကျွေးမွေးခဲ့ကြပါသည်။