မေတ္တာစမ်းရေ မူလတန်းကြိုကျောင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်ကျောင်းဆင်းပွဲ

မြန်မာနိုင်ငံမိခင်နှင့်ကလးစောင့်‌ရှောက်ရေးအသင်း မေတ္တာစမ်း‌ရေမူလတန်းကြို ကျောင်း (၂၀၂၂ - ၂၀၂၃) ပညာသင်နှစ်ကျောင်းဆင်းပွဲအခမ်အနားကို ၂၀၂၃ ခုနှစ် မတ်လ (၁၈)ရက်၊ နံနက် (၉ : ၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည် တော်ကောင်စီ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့်အတွင်းရေး မှူး၊ ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့်အတွင်း‌‌ရေးမှုးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌနှင့်အတွင်း‌ရေးမှူးများ၊ မေတ္တာ စမ်းရေမူလတန်းကြိုကေျာင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အခမ်းအနားအား နိုင်ငံတော်သီချင်းဖွင့်လှစ်၍ အလေးပြုကြပါသည်။ ယင်းနောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် မူလတန်းကြို ကျောင်းသား၊ကျောင်းသူလေး များအား ကျောင်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ကျောင်းသား၊ကျောင်းသူလေးများ၊ တက် ရောက်လာသော ဧည့်သည်တော်များနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဒုတိယပိုင်းတွင်အစီအစဉ်တွင် ကလေးငယ်လေးများမှ အကပဒေသာများနှင့် ကပြဖေျာ်ဖြေတင်ဆက်ခဲ့ကြပါသည်။ အကပ‌ဒေသာများနှင့် ဖေျာ်ဖြေတင်ဆက်သွားသော မူလတန်းကြို ကလေးငယ်စုစု‌ပေါင်း (၄၅ )ဦးကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက် ရေးအသင်း ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက မေတ္တာလက်ဆောင်ပစ္စည်း များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။