မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ကွင်းဆင်းဆောင်ရွက်ခြင်း

၁၀ - ၂ - ၂၀၂၄ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဋ္ဌ (၁) ပါမောက္ခ ‌ဒေါက်တာမာလာဝင်း၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်နှင့် ဇလွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးများနှင့် မူကြိုကျောင်းများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ထို့နောက် မြို့နယ် တစ်မြို့နယ်စီရှိ မူကြိုကျောင်းများအတွက် မူကြိုဆရာမ လက်စွဲ စာအုပ်၊ ကလေးစာအုပ်နှစ်မျိုး၊ လက်သန့်ဆေးရည်၊ နှာခေါင်းစည်းများနှင့် ထောက်ပံ့ငွေ (၃)သိန်းကို ပေးအပ်ခဲ့ပါသည်။ ထို့နောက် ညောင်တုန်းမြို့နယ်ရှိ မိခင်နှင့်ကလေးအသင်းပိုင်သားဖွားခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး လမ်းညွှန်ခဲ့ပြီး ကိုယ်ဝန်ဆောင်များအား ငှက်ပျောသီး၊ ကြက်ဥနှင့် ဆားများကို ထောက်ပံ့ပေးခဲ့ပါသည်။