မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနား။

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနား။
သြဂုတ်လ ၊၉ ရက် ၂၀၁၈။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နေပြည်တော်၊ပြည်ထောင်စုနယ် မြေရှိ (၂၀၁၈-၂၀၁၉)ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော အခြေခံပညာကျောင်းသား/ သူများအတွက် ကျောင်းဝတ်စုံနှင့်ကျောင်းသုံးစာရေးကိရိယာများ  ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ( ၉ )ရက်၊နံနက် (၁၀: ၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်၊ ဒုတိယ ဥက္ကဌ(၁) ပါမောက္ခ ဒေါက်တာမာလာဝင်း၊ ဒုတိယ ဥက္ကဌ(၂)ဒေါက်တာတင်ညိုညိုလတ်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း၊စာရင်းစစ် ဒေါက်တာခင်ဝင်းသက်နှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ဥက္ကဌနှင့် ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ၊နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
          အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်း ဥက္ကဌပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အတွင်းရေး မှူးဒေါက်တာနွယ်နီအုန်းမှ  ထောက်ပံ့လှူဒါန်းခြင်း အစီအစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ကျောင်းဝတ်စုံများ၊ကျောင်းသုံးစာရေးကိရိယာများ နှင့် Grade (9) တွင် ပညာသင်ကြားနေသော သုံးမွှာပူးအတွက် စက်ဘီးများကို ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအသီးသီးတို့မှ တာဝန်ရှိ သူများက လက်ခံရယူကြပါသည်။
အဆိုပါအခမ်းအနားတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ အခြေခံပညာကျောင်း( ၃၀ ) ကျောင်းနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးဝန်ထမ်းမိသားစုများ၏ ကလေး( ၁၂)ဦးအပါအဝင် စုစုပေါင်း ကျောင်းသား/သူ ( ၆၂၇၄ )ဦးအတွက် ကျောင်းဝတ်စုံ များ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် သုံးမွှာပူးကျောင်းသားများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် စက်ဘီး(၃)စီးကိုလည်းကောင်း အသီးသီးထောက်ပံ့လှူ ဒါန်းခဲ့ပါသည်။
          ထို့နောက် နေပြည်တော် တိုင်းပညာရေးမှူး၊ ညွှန်ကြားရေးမှူး ဆရာကြီး ဦးမျိုးဝင်း အောင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထောက်ပံ့လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ် တန်ဖိုးအနေဖြင့် (၂၁,၃၅၂,၀၀၀)ကျပ် ဖြစ်ပါသည်။