မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ Social Media Use Policy (မူကြမ်း)အား ရှင်းလင်းဆွေးနွေးခြင်း အစည်းအဝေးကို (၂၄/၁၂/၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံး၊ နေပြည်တော် ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းရုံးမှ တာဝန်ရှိဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Social Media Use Policy (မူကြမ်း)ကို အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း မှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မူကြမ်းတွင် လိုအပ်ချက်များ နှင့် ပါဝင်ရမည့် အချက်အလက်များကို ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြပြီး အစည်းအဝေးကို (၁၂:၀၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ပါသည်။