မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဗဟိုကောင်စီအစည်းအဝေး

             မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ဗဟိုကောင်စီအစည်းအဝေးကို ၂၃ - ၁၁- ၂၀၂၃ ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
          အစည်းအဝေးတွင် အသင်းဗဟို ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးက အသင်းဗဟို၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက်  တိုင်းဒေသကြီး/ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မိမိတို့ တိုင်းနှင့် ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပါသည်။ယင်းနောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဘဏ္ဍာရေးမှူးက ရသုံးမှန်းခြေငွေစာရင်းနှင့် ဘဏ္ဍာရေးအစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး တက်ရောက်လာသောဗဟိုကောင်စီဝင် အားလုံးက ကန့်ကွက်ရန် မရှိသဖြင့် ရသုံးမှန်းခြေငွေစာရင်းနှင့် ဘဏ္ဍာရေးအစီရင်ခံစာကို အတည်ပြုခဲ့ကြပါသည်။
          ထို့နောက် ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးမှုများအပေါ် ဥက္ကဋ္ဌ ပါမောက္ခ ‌ဒေါက်တာစန်းစန်းမြင့်အောင်မှ ဖြည့်စွက်ရှင်းလင်းခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအ‌ဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
          ညနေပိုင်းတွင် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (၁၂/၂၀၂၃)ကို ဆက်လက် ကျင်းပခဲ့ပါသည်။