မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းမှ ( ၇၅ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကျင်းပခြင်း။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ( ၇၅ )နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၃)ရက်နေ့ နံနက် ( ၈ : ၃၀ ) နာရီမှ (၁၂ : ၀၀) နာရီအထိ နေပြည်တော်ရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူးများ၊ လယ်ဝေးကုတင်(၁၀၀)ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်သူနာပြု ဆရာမကြီးများနှင့် ဆရာမများ၊ နေပြည်တော်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက်ဆရာဝန်များနှင့် သူနာပြု ဆရာမများ၊ ပြိုင်ပွဲဝင်ကလေးများနှင့် မိခင်အုပ်ထိန်းသူများတက်ရောက် ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ် အမှု ဆောင်အဖွဲ့ဝင်များသည် သားကောင်းမိခင်ဆုနှင့် ပထမ၊ ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုများ အသီးသီး ချီးမြှင့်ခဲ့ပြီး အကဲဖြတ်အမှတ်ပေးကြသည့် ဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများအား ဂုဏ်ပြု လက်ဆောင်ပစ္စည်းများကို ‌ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် မေတ္တာစမ်းရေ မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက အက ပဒေသာများနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
၎င်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကလေးများ၏ အသက်အရွယ်အလိုက် ရှိရမည့် ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ တစ်ကိုယ်ရေသန့်ရှင်မှု၊ ကျန်းမာရေးအခြေအနေနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ တိုက်ကျွေးမှု တို့ကို အခြေခံကြည့်ရှုစစ်ဆေးကာ မွေးစမှ သုံးလ၊ သုံးလကျော်မှ ‌ခြောက်လ၊ ‌ခြောက်လကျော်မှ တစ်နှစ်၊ တစ်နှစ်ကျော်မှ တစ်နှစ်ခွဲ၊ တစ်နှစ်ခွဲကျော်မှ နှစ်နှစ်အထိ ပြိုင်ပွဲများနှင့် သုံးမွှာပူး(၁)တွဲ၊ နှစ်မွှာပူး(၅)တွဲ စုစုပေါင်း ကလေး( ၆၈ ) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။