၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် မိသားစု၀င်ငွေတိုး လုပ်ငန်း အစီအစဉ်ဖြင့် ရည်ရွယ်ဖွင့်လှစ်သော ပလပ်စတစ်အိတ်ထိုးလက်မှုပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ခုနှစ်၊သြဂုတ်လ (၂၂)ရက် နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ဒက္ခိဏသီရိမြို့၊ သုခုမလမ်း၊မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ရုံးရှိအသက်မွေး၀မ်းကျောင်းပညာဌာန (Vocational Education Centre )တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဘဏ္ဍာရေးမှူး ဒေါက်တာ လဲ့လဲ့ရီနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ မှ
ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ဒက္ခိဏခရိုင်နှင့်ဥတ္တရခရိုင်များမှ ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ၊ သင်တန်းနည်းပြ ဆရာမများ၊ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ မြို့နယ်များမှမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး အသင်းဗဟို ဘဏ္ဍာရေးမှူး ဒေါက်တာလဲ့လဲ့ရီမှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ နေပြည်တော်အတွင်းရှိ ၀န်ကြီးဌာနများနှင့် မြို့နယ်များမှ သင်တန်းသူ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပြီး ၎င်းသင်တန်းကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့မှ(၂၄)ရက်ထိနေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။