၂၀၁၇ခုနှစ်၊သြဂုတ်လ(၂၇)ရက်နေ့။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကပြါမောက်ခဒေါက်တာစန်းစန်းမြင့်အောင်၊ဒုတိယဥက်ကနြှင့်ဗဟိုအလုပ်အမှုဆောင်များ၊အသင်းမှတာ၀န်ရှိသူများ၊နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာ အထူးကုဆရာ၀န်အဖွဲ့၊ပျဉျးမနားကုတင်(၂၀၀)ပြည်သူ့ဆေးရုံမှ မျက်စိ
အထူးကုဆရာ၀န်အဖွဲ့၊နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူးနှင့် ဆရာ၀န်များ၊နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက်ကြ၊အတွင်းရေးမှူးနှင့်အဖွဲ့ ၀င်များ၊ဥတ်တရခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက်ကြ၊အတွင်းရေးမှူးနှင့်ဇေယျာသီရိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကနြှင့်အဖွဲ့၀င်များ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းမေတ်တာစမ်းရေဆေးခန်းမှလက်ထောက်ဆရာ၀န်များလိုက်ပါလျက်၂၀၁၇ခုနှစ်၊သြဂုတ်လ(၂၇)ရက်နေ့တွင်နေပြည် တော်၊ဇေယျာသီရိမြို့နယ်၊ကၽွန်းယောင်းကျေးရွာအုပ်စု၊ ရှှေပေးကျေးရွာသို့ သွားရောက်ကာရွေ့လျားကျန်းမာရေးဆေးခန်းကို ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကပြါမောက်ခဒေါက်တာစန်းစန်း မြင့်အောင်မှ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဥက်ကပြါမောက်ခဒေါက်တာမာလာ၀င်း က ရာသီတုပ်ကွေးအကြောင်းကိုလည်းကောင်း ၊အသက် (၂၄)နှစ်အောက်လူငယ်များကိုမြန်မာနိုင်ငံ
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှလက်ထောက်ညွန်ကြားရေးမှူးဒေါက်တာအိအိမောင်ကပျိုရွယ် သူကျန်းမာရေးအသိပညာပေးခြင်းနင့်အိမ်ထောင်သည်အမျိုးသမီးများအားသားဆက်ခြားသုံးပစ်စည်းအသုံး ပြုနည်းကိုလည်းကောင်း၊“ လူကုန်ကူးခြင်းဆိုင်ရာသိကောင်းစရာများ’’ အကြောင်းကို ပြည်ထဲရေး၀န်ကြီး
ဌာနမှတာ၀န်ရှိသူက လည်းကောင်း၊ဆက်သွယ်ရေးအရာရှိ ဒေါ်အေးသီရိမြတ်က ကျား/မရေးရာတန်းတူ ညီမျှခြင်းနှင့်ပတ်သက်၍လည်းကောင်းအသီးသီး ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။
ဆက်လက်၍ အဘိုးအဘွားများကို အားဆေးနှင့်အာဟာရဖြစ်စေမည့်အစားအစာများကိုလည်း
ကောင်း၊ကိုယ်၀န်ဆောင်မိခင်များကို ကလေးအကျႌ၊အနှီးပိတ်၊အိုင်အိုဒင်းဆားနှင့်ဆပ်ပြာများကို လည်း
ကောင်း၊ကျေးရွာစာကြည့်တိုက်အတွက်မေတ်တာစမ်းရေမဂ်ဂဇင်းများကို လည်းကောင်းလှူဒါန်းခဲ့ပါသည်။
အဆိုပါ ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းသို့် သက်ကြီးဘိုးဘွားများ၊ကိုယ်၀န် ဆောင်များ၊လူငယ်များနှင့် လာရောက်ပြသသောလူနာများ အပါအ၀င်ကျေးရွာရပ်ကွက်မှတာ၀န်ရှိသူများ တက်ရောက်ခဲ့ပြီးကျန်းမာရေးစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်၀န်ဆောင် (၆၈) ဦး၊သက်ကြီးဘိုးဘွား (၂၀၀)ဦး၊ မျက်စိလူနာ ( ၆၇)ဦး၊သွားနှင့်ခံတွင်းလူနာ( ၁၂ )ဦး နှင့်အထွေထွေလူနာ
(၁၀၅)ဦးစုစုပေါင်း( ၄၅၂ )ဦးတို့အပြင်အိမ်ထောင်သည်အမျိုးသမီး(၇)ဦးကိုလက်မောင်းတွင်သားဆက်ခြား ဆေးများထည့်ပေးခြင်းများကိုလည်း ကြည့်ရှု့စစ်ဆေးကုသပေးခဲ့ပြီးညှှန်းပို့ရန် လိုအပ်သောလူနာများကို နီးစပ်ရာကျန်းမာရေးဌာနသို့ ညှှန်းပို့ခြင်းနှင့်ချို့တဲ့လူနာများကို ထောက်ပံ့ခြင်းများကိုလည်း ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သတင်းရရှိ ပါသည်။