မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေး ဆေးခန်းကို နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဝဲကြီးကျေးရွာတွင် ဆောင်ရွက်ခြင်း။

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်
          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဌ(၁) ပါမောက္ခ ဒေါက်တာမာလာဝင်း၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းစိန်တို့ ဦးဆောင် ၍ အသင်းမှတာဝန်ရှိသူများ၊ ပျဉ်းမနား ကုတင်(၂၀၀) ပြည်သူ့ဆေးရုံမှ မျက်စိ အထူးကု ဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှ သွားဘက် ဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူ များ၊နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက် ဆရာဝန်များ လိုက်ပါလျက် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့တွင် နေပြည်တော်၊ ပျဉ်းမနား မြို့နယ်၊ ဝဲကြီးကျေးရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ခဲ့ ပါသည်။
          ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဘိုးအဘွား(၅၉)ဦးကို အားဆေးနှင့် အာဟာရဖြစ်စေမည့် အစား အစာများကို လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၃၅)ဦးကို ကလေးအင်္ကျီ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကိုလည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့ပါ သည်။
ဆက်လက်၍ လက်ထောက်ဆရာဝန် ဒေါက်တာ ခိုင်နွယ်ဟန်မှ သွေးတိုး၊ဆီးချို ရောဂါအကြောင်းကို လည်းကောင်း၊ အသက်(၂၄)နှစ်အောက် လူငယ်များအား “သက်ငယ် မုဒိမ်းမှု ကာကွယ်ရေးဆိုင်ရာ နှင့်လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း” ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲအုပ် ကျော်လင်းထွန်းက လည်းကောင်း၊ မေတ္တာစမ်းရေ ဆေးခန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ လင်းပြည့်သိန်းမှ ကိုယ်ဝန်ဆောင်စောင့် ရှောက်ခြင်း အကြောင်းကိုလည်းကောင်း၊ Technical Assistant ဦးရဲကျော်သူက ပျိုရွယ်သူမျိုးဆက် ပွား ကျန်းမာရေး အသိပညာပေးခြင်းအကြောင်းကို လည်းကောင်း အသီးသီး အသိ ပညာပေး ဟောပြောခဲ့ကြပါသည်။
 
                    အဆိုပါ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့် လာရောက်ပြသသော လူနာများအပါ အဝင် ကျေးရွာ၊ ရပ်ကွက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်း များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင်(၃၅)ဦး၊ မျက်စိ လူနာ(၅၃)ဦး၊ သွားနှင့်ခံတွင်းလူနာ(၉)ဦးနှင့် အထွေထွေလူနာ(၁၀၀)ဦး စုစု ပေါင်း(၁၉၇) ဦးတို့ကို ကြည့်ရှုစစ်ဆေးကုသဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။