မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေး ဆေးခန်းကိုနေပြည်တော်၊ တပ်ကုန်းမြို့နယ်၊နောင်ဘိုအိုးကျေးရွာတွင် ဆောင်ရွက်ခြင်း။

၂၀၁၉ခုနှစ်၊ မေလ(၂၆)ရက်
          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်၊အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း၊ စာရင်းစစ် ဒေါက်တာခင်ဝင်း သက်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာနွဲ့နွဲ့ဝင်းနှင့် ဒေါ်သန်းသန်းစိန်တို့ ဦး ဆောင်၍ အသင်းမှတာဝန်ရှိသူများ၊ပျဉ်းမနား ကုတင်(၂၀၀) ပြည်သူ့ဆေးရုံမှ မျက်စိ အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှ သွားဘက် ဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ လက်ထောက် ဆရာ ဝန်များနှင့် IPPFစီမံချက်ဌာနမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမေချမ်းဦးတို့ လိုက်ပါလျက် ၂၀၁၉ခုနှစ်၊ မေလ (၂၆)ရက်နေ့တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ နောင်ဘိုအိုးကျေးရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုကို ဆောင် ရွက်ခဲ့ပါသည်။
          ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဘိုးအ ဘွား(၇၂)ဦးကို အားဆေးနှင့် အာဟာရဖြစ်စေမည့် အစား အစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၁၈)ဦးကို ကလေးအင်္ကျီ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေ မဂ္ဂဇင်းများကိုလည်းကောင်း လှူဒါန်းခဲ့ပါ သည်။
ဆက်လက်၍ ဒေါက်တာ ခိုင်နွယ်ဟန်မှ ဆီးချိုရောဂါအကြောင်းကိုလည်းကောင်း၊ (၂၄)နှစ်အောက် လူငယ်များအား “သက်ငယ်မုဒိမ်းမှု ကာကွယ်ရေးဆိုင်ရာနှင့်လူကုန် ကူး ခြင်းဆိုင်ရာသိကောင်းစရာများအကြောင်း”ကိုပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူး ဒေါ်သူဇာ လွင်မှ လည်းကောင်း၊ မေတ္တာစမ်းရေဆေးခန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ ဟွိုင်ဆမ်မှ ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းအကြောင်းကိုလည်းကောင်း၊ IPPF စီမံချက် ဌာန၊ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမေချမ်းဦးက ပျိုရွယ်သူမျိုး ဆက်ပွားကျန်း မာရေး အသိပညာပေးခြင်းအကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေးဟော ပြောခဲ့ကြပါသည်။
 
                   အဆိုပါ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့် လာရောက်ပြသသော လူနာများ အပါ အဝင် ကျေးရွာ၊ ရပ်ကွက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်း များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင်(၁၈)ဦး၊ သက်ကြီး ဘိုးဘွား (၇၂)ဦး၊ မျက်စိ လူနာ(၁၂၉)ဦး၊ သွားနှင့်ခံတွင်းလူနာ(၁၇)ဦးနှင့် အထွေထွေလူနာ(၁၃၅)ဦး စုစု ပေါင်း(၃၇၁) ဦးတို့ကို ကြည့်ရှုစစ်ဆေးကုသဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။