မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာတွင် ဆောင်ရွက်ခြင်း။

၂၀၁၈ခုနှစ်၊ သြဂုတ်လ(၂၅)ရက်

          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဌ(၂) ဒေါက်တာတင်ညိုညိုလတ်၊ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဒေါ်သန်းသန်းစိန် နှင့်အသင်းမှ တာဝန်ရှိသူများ၊ IPPF စီမံချက်ဌာန၊အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမေချမ်းဦး၊ ပျဉ်းမနားကုတင်(၂၀၀) ပြည်သူ့ဆေးရုံမှ မျက်စိ အထူးကု ဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှ သွားဘက် ဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက် ဆရာဝန်များ လိုက်ပါလျက် ၂၀၁၈ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရှားစေးဖိုကျေးရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေးစောင့် ရှောက်မှု ကို ဆောင်ရွက်ခဲ့ပါသည်။
          ရှေးဦးစွာမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်ထောက်ဆရာဝန် ဒေါက်တာသက်နိုင်ဦးက သွေးတိုး၊ ဆီးချိုရောဂါအကြောင်းကို လည်းကောင်း၊IPPF စီမံချက်ဌာန၊အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမေချမ်းဦးက ပျိုရွယ်သူမျိုးဆက်ပွားကျန်းမာရေး အသိပညာပေးခြင်းအကြောင်းကို လည်းကောင်း၊ မေတ္တာစမ်းရေဆေးခန်း လက်ထောက်ဆရာဝန် ဒေါက်တာဇေယျာမိုးက ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းအကြောင်းကိုလည်းကောင်း၊အသက် (၂၄) နှစ်အောက် လူငယ်များအား “သက်ငယ်မုဒိမ်းမှုကာကွယ်ရေးဆိုင်ရာနှင့် လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာ များ အကြောင်းကို” ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူး ဒေါ်သူဇာလွင် ကလည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြပါသည်။
          ဆက်လက်၍ အဘိုးအဘွား(၁၄၅)ဦးကို အားဆေးနှင့်အာဟာရဖြစ်စေမည့် အစား အစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၃၂)ဦးကို ကလေးအင်္ကျီ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကို လည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေ မဂ္ဂဇင်းများကို       
လည်းကောင်း လှူဒါန်းခဲ့ ပါသည်။
          အဆိုပါ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့်လာရောက်ပြသသော လူနာများ အပါအဝင် ကျေးရွာ၊ရပ်ကွက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေး ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင် (၃၂)ဦး၊ သက်ကြီးဘိုးဘွား (၁၄၅)ဦး၊ မျက်စိလူနာ (၉၂)ဦး၊ သွားနှင့်ခံတွင်းလူနာ (၅၅)ဦးနှင့် အထွေထွေလူနာ (၁၆၉)ဦး စုစုပေါင်း (၄၉၃)ဦးတို့ကို ကြည့်ရှုစစ်ဆေးကုသဆောင်ရွက် ပေးနိုင်ခဲ့ ပါသည်။