မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူ လူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းကိုနေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊တဲကြီးကုန်းအုပ်စု၊ ရှားတောကျေးရွာတွင် ဆောင် ရွက်ခြင်း။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃)ရက်
          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်၊ စာရင်းစစ် ဒေါက်တာခင်ဝင်းသက်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းစိန်တို့ဦးဆောင်၍ အသင်းမှတာဝန်ရှိသူများ၊ ပျဉ်းမနားကုတင်(၂၀၀) ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံမှ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှလက်ထောက်ဆရာဝန်များနှင့် IPPFစီမံချက်ဌာနမှ ဒုတိယစီမံကိန်းအရာရှိ ဒေါ်နန်းအင်ကြင်းဦးတို့ လိုက်ပါလျက် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းအုပ်စု၊ ရှားတောကျေးရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုကိုဆောင်ရွက်ခဲ့ပါသည်။
          ရှေးဦးစွာမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်ကအမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ ဒေါက်တာ သက်နိုင်ဦးမှ ဆီးချိုသွေးချိုရောဂါအကြောင်းကိုလည်းကောင်း၊(၂၄)နှစ်အောက် လူငယ် များအား “သက်ငယ်မုဒိမ်းမှုကာကွယ်ရေးဆိုင်ရာနှင့် လူကုန်ကူးခြင်းဆိုင်ရာသိကောင်း စရာများအကြောင်း”ကိုပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူးဒေါ်သူဇာလွင်မှလည်းကောင်း၊ မေတ္တာစမ်းရေဆေးခန်း၊လက်ထောက်ဆရာဝန် ဒေါက်တာလင်းပြည့်သိန်းမှ ကိုယ်ဝန် ဆောင်စောင့်ရှောက်ခြင်းအကြောင်းကိုလည်းကောင်း၊IPPFစီမံချက်ဌာန၊ဒုတိယစီမံကိန်း အရာရှိဒေါ်နန်းအင်ကြင်းဦးကပျိုရွယ်သူမျိုးဆက်ပွားကျန်းမာရေးအသိပညာပေးခြင်းအကြောင်းကိုလည်းကောင်းအသီးသီးအသိပညာပေးဟောပြောခဲ့ကြပါသည်။
 
          ဆက်လက်၍အဘိုးအဘွား(၄၄)ဦးကို အားဆေးနှင့် အာဟာရဖြစ်စေမည့် အစား အစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၁၆)ဦးကို ကလေးအင်္ကျီ၊အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေမဂ္ဂဇင်းများကိုလည်းကောင်းလှူဒါန်းခဲ့ ပါသည်။
          အဆိုပါပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီးဘိုးဘွား များ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့်လာရောက်ပြသသောလူနာများအပါအဝင် ကျေးရွာ၊ရပ်ကွက်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင်(၁၆)ဦး၊သက်ကြီးဘိုးဘွား(၄၄)ဦး၊ မျက်စိ လူနာ(၆၃)ဦး၊ သွားနှင့်ခံတွင်းလူနာ(၃၃)ဦးနှင့် အထွေထွေလူနာ(၈၈)ဦး စုစုပေါင်း(၂၄၄) ဦးတို့ကိုကြည့်ရှုစစ်ဆေးကုသဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။