မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသား TB ရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် Global Fund တို့ပူးပေါင်းဆောင်ရွက်သည့် Annual Evaluation Meeting on Community Based TB Care Project

၂၀၁၈ ခုနှစ်၊ မတ်လ (၂၈) ရက်။
 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသား TB ရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် Global Fund တို့ပူးပေါင်းဆောင်ရွက်သည့် Community Based TB Care Project ၏ နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ (၂၈) ရက်၊ နံနက် (၉း၀၀) နာရီတွင် နေပြည်တော်၊ ဒက်ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအေ၀းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကဌ ပါမောက်ခ ဒေါက်တာ စန်းစန်း မြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ တာ၀န်ရှိသူများ၊ စီမံချက်၀င်တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့မှ အဖွဲ့၀င်များ၊ တိုင်း ဒေသကြီး၊ ပြည်နယ်နှင့် နေပြည်တော် TB ရောဂါတိုက်ဖျက်ရေးဆိုင်ရာဆရာ၀န်ကြီးများကိုယ်စား အဖွဲ့ ခေါင်းဆောင်ဆရာ၀န်များ၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး ဥက်ကဌများ၊ စီမံချက် ၀င်မြို့နယ်များမှ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဥက်ကဌနှင့် စေတနာ့၀န်ထမ်း အသင်း၀င်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။   
 
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက်ကဌက အဖွင့်အမှာစကား ပြောကြားပြီးနောက် ဆွေးနွေးပွဲအစီအစဉျကိုု ဆက်လက် ကျင်းပခဲ့ရာ ကမ်ဘာ့ ကျန်းမာရေးအဖွဲ့ နည်းပညာအရာရှိ ဒေါက်တာ၀င်းမောင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ၂၀၁၇ခုနှစ် အတွင်း စီမံချက်ရလဒ်များကို အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ လက်ထောက်ညှှန်ကြားရေးမှူး ဒေါက်တာမြတ်ကျော်သူ နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ CBTBC စီမံချက် တာ၀န်ခံ ဒေါက်တာ သက်နိုင်ဦးတို့က ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စီမံချက်၀င် တိုင်း ဒေသကြီး/ ပြည်နယ် နှင့်နေပြည်တော် တီဘီရောဂါတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်ဆရာ၀န်များ က ၂၀၁၇ ခုနှစ်အတွင်း လုပ်ငန်း ဆောင်ရွက်မှုများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

နေ့လည်ပိုင်းဆွေနွေးပွဲတွင် ပျဉျးမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ TB ရောဂါ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်ဆရာ၀န် ဒေါက်တာထွန်းကျော်စိုးက  သဘာပတိအဖြစ် ဆောင် ရွက်ပြီး သံသယလူနာတိုးတက်ရှာဖွေဖော်ထုတ်ခြင်း၊ ပြည်သူလူထုအတွင်း အသိပညာပေးခြင်း၊  အစီရင်ခံစာ စနစ်တကျ အချိန်မီ ပေးပို့တင်ပြခြင်းများနှင့် ပတ်သက်၍ အုပ်စုလိုက် ဆွေနွေးခြင်း များပြုလုပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉျများကို ချမှတ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။