မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကချင်ပြည်နယ်သို့ (၅-၃-၂၀၁၈) မှ (၈-၃-၂၀၁၈) ရက်နေ့ထိ ကွင်းဆင်းဆောင်ရွက်ခြင်း။

၂၀၁၈ခုနှစ်၊ မတ်လ (၅) ရက်မှ (၈) ရက်နေ့ထိ။
 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကချင်ပြည်နယ်သို့  (၅-၃-၂၀၁၈) မှ (၈-၃-၂၀၁၈) ရက်နေ့ထိ ကွင်းဆင်းဆောင်ရွက်ခြင်း။

    မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက်ကဌ ပါမောက်ခ ဒေါက်တာ စန်းစန်း မြင့်အောင်နှင့် ဒုတိယ ဥက်ကဌ (၁) ပါမောက်ခ ဒေါက်တာမာလာ၀င်း တို့သည် ကချင်ပြည်နယ်ရှိ အသင်းပိုင် သားဖွားခန်းများနှင့် အသင်းပိုင်မူလတန်းကြိုကျောင်းများသို့ ကွင်းဆင်း၍ ကြီးကြပ် ဆောင်ရွက်ခဲ့ကြပါသည်။၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ ၀ိုင်းမော်မြို့၊ ဟိုပင်မြို့၊ မိုးကောင်း၊ ခပ်ချို၊ ရှမ်းစု၊ ယုဇန၊ စီတာပူ တို့ရှိ သားဖွားခန်းများ၊ မူလတန်းကြိုကျောင်းများသို့ ၂၀၁၈ခုနှစ်၊ မတ်လ (၅) ရက်မှ (၈) ရက်နေ့ထိ သွားရောက် ကွင်းဆင်း၍ ကြီးကြပ် ဆောင်ရွက် ခဲ့ကြပါသည်။

ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကဌ နှင့် အဖွဲ့၀င်များသည် အသင်းပိုင်သားဖွားခန်းများသို့ ထောက်ပံ့ငွေနှင့်အတူ ကိုယ်၀န်ဆောင်အားဆေးနှင့် မူကြို၀တ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။