၂၀၁၇ခုနှစ်၊သြဂုတ်လ(၂၃)ရက်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှား မှုအဖြစ် ကျန်းမာရေးပညာပေးဟောပြောခြင်းနှင့်ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ၊ဒက္ခိဏသီရိမြို့နယ်အတွင်း ရှိ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော သန့်ရှင်းရေးသုံးပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ၂၀၁၇ခုနှစ်၊သြဂုတ်လ(၂၃)ရက်၊ နံနက် (၁၀:၀၀)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ကျေးစာဥရွာရှိ မူလွန်-ကျေးစာဥ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဒက္ခိဏခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့၀င်များ၊ဒက္ခိဏ သီရိမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ဒက္ခိဏသီရိမြို့နယ် ပညာရေးမှူးရုံး မှ တာ၀န်ရှိသူများနှင့်သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများ/ဆရာကြီးများ၊ကျောင်းသား/
ကျောင်းသူများစုစုပေါင်း (၁၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ကျောင်းများတွင် လိုအပ်လျက်ရှိသော သန့်ရှင်းရေးသုံးပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ထို့နောက် မူလွန် -ကျေးစာဥ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ နိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိအိမောင်မှ ရာသီတုပ်ကွေးရောဂါအကြောင်းကိုလည်းကောင်း၊လက်ထောက်ဆရာ၀န် ဒေါက်တာ သက်နိုင်ဦးမှ တကိုယ်ရည်သန့်ရှင်းရေးနှင့်လက်ဆေးနည်းသရုပ်ပြခြင်းအကြောင်းများကိုလည်းကောင်း ကျန်းမာ ရေးအသိပညာပေးပြောကြားခဲ့ကြောင်းနှင့်လှူဒါန်းမှုစုစုပေါင်း တန်ဘိုးမှာ (၈၈၁၂၅၀)ကျပ် ဖြစ်ကြောင်း သတင်း ရရှိပါသည်။