မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မွန်ပြည်နယ်ရှိ အသင်းပိုင် သားဖွားခန်းများနှင့် အသင်းပိုင် မူလတန်းကြိုကျောင်းများသို့ သို့ (၁၅-၂-၂၀၁၈) နှင့် (၁၆-၂-၂၀၁၈) ရက်နေ့များတွင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်း။

၂၀၁၈ခုနှစ်၊ ဖေဖော်၀ါရီလ (၁၅) ရက်နှင့် (၁၆) ရက်နေ့

 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မွန်ပြည်နယ်ရှိ အသင်းပိုင် သားဖွားခန်းများနှင့် အသင်းပိုင် မူလတန်းကြိုကျောင်းများသို့ သို့ (၁၅-၂-၂၀၁၈) နှင့် (၁၆-၂-၂၀၁၈) ရက်နေ့များတွင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်း။

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက်ကဌ ပါမောက်ခ ဒေါက်တာ စန်းစန်းမြင့် အောင်၊ ဒုတိယဥက်ကဌ(၁) ပါမောက်ခ ဒေါက်တာမာလာ၀င်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ဒေါက်တာစန်းစန်းေ၀နှင့် ဒေါ်သန်းသန်းစိန်၊ လက်ထောက်ဆရာ၀န် ဒေါက်တာသက်နိုင်ဦးတို့သည် မွန်ပြည်နယ်ရှိ အသင်းပိုင် သားဖွားခန်းများနှင့် အသင်းပိုင်မူလတန်းကြိုကျောင်းများသို့ ကွင်းဆင်း၍ ကြီးကြပ် ဆောင်ရွက်ခဲ့ကြပါသည်။၊ မွန်ပြည်နယ် ကျိုက်ထိုမြို့၊ ဘီးလင်းမြို့၊ သထုံမြို့၊ ချောင်းဆုံမြို့၊ မုဒုံမြို့တို့ရှိ သားဖွားခန်း၊ မူလတန်းကြိုကျောင်းများသို့ ၂၀၁၈ခုနှစ်၊ ဖေဖော်၀ါရီလ (၁၅) ရက်နှင့် (၁၆) ရက်နေ့များတွင် သွားရောက်ကွင်းဆင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကဌ နှင့် အဖွဲ့၀င်များသည် အသင်းပိုင်သားဖွားခန်းများနှင့် မူကြိုကျောင်းများသို့ ထောက်ပံ့ငွေနှင့်အတူ ကိုယ်၀န်ဆောင် အားဆေး နှင့် မူကြို၀တ်စုံများကိုလည်း ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။