မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဧရာ၀တီတိုင်းဒေသကြီးသို့ (၂၉-၁-၂၀၁၈) နှင့် (၃၀-၁-၂၀၁၈)ရက်နေ့များတွင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်း

၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်နေ့ နှင့် (၃၀)ရက်နေ့
 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဧရာ၀တီတိုင်းဒေသကြီးသို့  (၂၉-၁-၂၀၁၈) နှင့် (၃၀-၁-၂၀၁၈)ရက်နေ့များတွင် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက်ကဌ ပါမောက်ခ ဒေါက်တာ စန်းစန်းမြင့်အောင်၊ ဘ႑ာရေးမှူး ဒေါက်တာလဲ့လဲ့ရီ နှင့် စာရင်းစစ် ဒေါက်တာခင်၀င်းသက်တို့သည် ဧရာ၀တီတိုင်းဒေသကြီးရှိ အသင်းပိုင်သားဖွားခန်းများနှင့် အသင်းပိုင်မူလတန်းကြိုကျောင်းများသို့ ကွင်းဆင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။၊ ဧရာ၀တီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ ဆင်ထုံးကျေးရွာ အုပ်စု၊ ကြိမ်ပင်ဆယ်ရွာသားဖွားခန်း၊ မအူပင်မြို့ရှိ သားဖွားခန်း၊ သာပေါင်းမြို့နယ်ရှိ ကွမ်းခြံကုန်း ကျေးရွာ သားဖွားခန်း၊ ပုသိမ်မြို့နယ်ရှိ သားဖွားခန်းနှင့် ညောင်တုန်းမြို့နယ်ရှိ ဆားမလောက် မူလတန်းကြိုကျောင်း၊ ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စုရှိ ကြိမ်ပင်ဆယ်ရွာ  မူလတန်းကြို ကျောင်း၊ မအူပင်မြို့ရှိ မူလတန်းကြိုကျောင်း၊ သာပေါင်းမြို့နယ်ရှိ လှေကြီးတက်ကျေးရွာ မူလတန်းကြို ကျောင်း၊ ပန်းတနော်မြို့နယ်ရှိ မေ့သည်းပန်းမူလတန်းကြိုကျောင်း၊ ပုသိမ်မြို့နယ်ရှိ ပုသိမ် (၃) ရပ်ကွက် မူလတန်းကြိုကျောင်း၊ ပုသိမ် (၁၃) ရပ်ကွက် မျိုးဆက်သစ် မူလတန်းကြို ကျောင်းများသို့ ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်နေ့ နှင့် (၃၀)ရက်နေ့များတွင် သွားရောက် ကွင်းဆင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကဌ နှင့် အဖွဲ့၀င်များသည် အသင်းပိုင်သားဖွားခန်းများသို့ ထောက်ပံ့ငွေ နှင့်အတူ ကိုယ်၀န်ဆောင်အားဆေး၊ အနှီးပိတ် နှင့်ကလေးအကျႌများကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ထို့အတူ အသင်းပိုင် မူလတန်းကြို ကျောင်းများသို့ ထောက်ပံ့ငွေ နှင့်အတူ “မူလတန်းကြို အရွယ်ကလေးများ ဘက်စုံဖွံ့ဖြိုးရေး သင်ရိုးညှှန်းတမ်းနှင့် သင်ရိုးမာတိကာ” စာအုပ်များ၊ နည်းပြ လက်စွဲစာအုပ် ဖြစ်သည့် “ကလေးများ၏ သင်ယူမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပြုစုပျိုးထောင်ပေးခြင်း၊ မြန်မာနိုင်ငံရှိ မူကြိုဆရာ၊ ဆရာမများအတွက် အရင်းအမြစ်စာအုပ်” များကိုလည်း ထောက်ပံ့လှူဒါန်းခဲ့ပါသည်။