မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကလေးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်း။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်။

 မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၇ခုနှစ်၊ဇန်နဝါရီလ(၃)ရက်နေ့ နံနက် (၈းဝ၀)နာရီမှ (၁၂းဝ၀)နာရီ အချိန်အထိ အသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
        အခမ်းအနားသို့မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယကဒေါ်ထွေးထွေးညွှန့်၊ ဥက္ကဋ္ဌ ဒေါက်တာနုနုသာနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဥတ္တရသီရိမြို့နယ်သားဖွားမီးယပ်အထူးကုဆေးရုံကြီး နှင့်ကလေးအထူးကုဆေးရုံကြီးတို့မှအထူးကုဆရာဝန်ကြီးများ၊လယ်ဝေးမြို့နယ် ကုတင်(၁၀ဝ) ဆေးရုံ အုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့်ဆရာမများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ပြိုင်ပွဲဝင်ကလေးငယ်များနှင့်မိဘအုပ်ထိန်းသူများတက်ရောက်ကြပါသည်။
         အခမ်းအနားတွင်ပြိုင်ပွဲဝင်ကလေးများ၏ကိုယ်အလေးချိန်၊အရပ်အမြင့်၊တစ်ကိုယ်ရည်သန့်ရှင်း
မှု၊ကျန်းမာရေးအခြေအနေ၊ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံတိုက်ကျွေးမှုနှင့် သက်တမ်းအလိုက်အသိ ဉာဏ်ဖွံ့ဖြိုးမှုတို့ကို အခြေခံကြည့်ရှုစစ်ဆေးကာ  မွေးကင်းစမှသုံးလ၊သုံးလကျော်မှ (၆)လ၊(၆)လ ကျော်မှ(၁)နှစ်၊(၁)နှစ်ကျော်မှ (၁)နှစ်ခွဲ၊(၁)နှစ်ခွဲကျော်မှ(၂)နှစ်အထိ ပြိုင်ပွဲများနှင့်သုံးမွှာပူး(၁)တွဲ၊ နှစ်မွှာပူး (၅)တွဲ စုစုပေါင်းကလေးငယ် (၉၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဥက္ကဋ္ဌ ဒေါက်တာနုနုသာက အမှာစကားပြောကြားကာတာဝန်ရှိသူများက အထူးဆု၊ပထမ၊ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။