၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ(၃)ရက်နေ့
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ (၇၀)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကလေးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် (၇၀)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ(၃)ရက်နေ့ နံနက် (၈း၀၀)နာရီမှ (၁၂း၀၀)နာရီ အချိန်အထိ အသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကြ ပါမောက်ခ ဒေါက်တာ စန်းစန်းမြင့်အောင်နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက်ကနြှင့်အဖွဲ့၀င်များ၊ဥတ်တရသီရိမြို့နယ်သားဖွားမီးယပ်အထူးကုဆေးရုံကြီး နှင့်ကလေး အထူးကုဆေးရုံကြီးတို့မှအထူးကုဆရာ၀န်ကြီးများ၊လယေ်၀းမြို့နယ် ကုတင်(၁၀၀) ဆေးရုံအုပ်ကြီး၊ အထူးကုဆရာ၀န်ကြီးများနှင့်ဆရာမများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ဥက်ကနြှင့် အတွင်းရေးမှူးများ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကနြှင့်အဖွဲ့ ၀င်များ၊ပြိုင်ပွဲ၀င်ကလေးငယ်များနှင့်မိဘအုပ်ထိန်းသူများတက်ရောက်ကြပါသည်။
အခမ်းအနားတွင်ပြိုင်ပွဲ၀င်ကလေးများ၏ကိုယ်အလေးချိန်၊အရပ်အမြင့်၊တစ်ကိုယ်ရည်သန့်ရှင်း
မှု၊ကျန်းမာရေးအခြေအနေ၊ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံတိုက်ကေၽွးမှုနှင့် သက်တမ်းအလိုက်အသိ ဥာဏ်ဖွံ့ဖြိုးမှုတို့ကို အခြေခံကြည့်ရှုစစ်ဆေးကာ မွေးကင်းစမှသုံးလ၊သုံးလကျော်မှ (၆)လ၊(၆)လ ကျော်မှ(၁)နှစ်၊(၁)နှစ်ကျော်မှ (၁)နှစ်ခွဲ၊(၁)နှစ်ခွဲကျော်မှ(၂)နှစ်အထိ ပြိုင်ပွဲများနှင့်သုံးမှှာပူး(၁)တွဲ၊ နှစ်မှှာပူး (၅)တွဲ စုစုပေါင်းကလေးငယ် (၈၃)ဦး ပါ၀င်ယှဉျပြိုင်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဥက်ကြ ပါမောက်ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြားကာတာ၀န်ရှိသူများက အထူးဆု၊ပထမ၊ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။