၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ(၆)ရက်နေ့
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ၂၀၁၇ခုနှစ်၊ကမ်ဘာ့ခုခံအားကျဆင်းမှုကူး
စက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ(၆)ရက်နေ့ နံနက် (၉း၀၀)နာရီတွင် နေပြည်တော်၊ဒက်ခိဏသီရိမြို့၊သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအစည်းအေ၀းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနညှှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညှှန်ကြား
ရေးမှူးချုပ်များ၊ညှှန်ကြားရေးမှူးများ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက်ကနြှင့်ဗဟိုအလုပ်အမှုဆောင်များ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲဲ့ချုပ်ဥက်ကြ၊ဒုတိယဥက်ကနြှင့်အဖွဲ့၀င်များ၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းနှင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာ
၀န်ရှိသူများ၊ခုခံအားကျဆင်းမှုကူးစက်ရောဂါကာကွယ်တားဆီးရေးနှင့်တိုက်ဖျက်ရေးဗဟိုမှ စီမံချက်မန်နေ ဂျာနှင့်အဖွဲ့၀င်များ၊လုပ်ငန်းအဖွဲ့၀င်များ၊UNICEFမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပလူမှုရေးအသင်း
အဖွဲ့များ မှတာ၀န်ရှိပုဂ်ဂိုလ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့၊ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ဥက်ကနြှင့်အတွင်းရေးမှူးများ၊ မြို့
နယ်(၈)မြို့နယ်မှ ဥက်ကနြှင့်အတွင်းရေးမှူးများနှင့်အခြားဖိတ်ကြားထားသော ဧည့်သည်တော်များတက်
ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနကျန်းမာရေးလူ့စွမ်းအား
အရင်းအမြစ်ဦးစီးဌာနမှ ညှှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးမှအဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဒုတိယပိုင်းအနေဖြင့် နေ့လည် မွန်းလွဲ (၁)နာရီတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက်ကပြါမောက်ခဒေါက်တာစန်းစန်းမြင့်အောင်နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များသည်လယေ်၀း မြို့နယ်၊ကြောင်ရေကျေးရွာသို့သွားရောက်ပြီးအသင်းဥက်ကမြှအဖွင့်အမှာစကားပြောကြားပြီးနောက်ခုခံအား ကျဆင်းမှုကူးစက်ရောဂါကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ အသက်အရွယ်အုပ်စုအလိုက် စကား ၀ိုင်းဆွေးနွေးပွဲများကျင်းပပြုလုပ်ခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊နေပြည်တော်ပြည်သူ့
ကျန်းမာရေးဦးစီးဌာန၊အဖွဲ့ခေါင်းဆောင်ဆရာ၀န်ဒေါက်တာမျိုးမင်းဦးကHIV/AIDSရောဂါအကြောင်းအသိ ပညာပေးဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။ စကား၀ိုင်းဆွေးနွေးပွဲတွင်ကျန်းမာရေးနှင့်အားကစား၀န်ကြီး ဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ အမျိုးသားခုခံကျကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ တာ၀န်ရှိသူ
များ၊လယေ်၀းမြို့နယ်၊ကြောင်ရေကျေးရွာမှ အုပ်ချုပ်ရေးဆိုင်ရာတာ၀န်ရှိသူများ၊ စေတနာ့၀န်ထမ်းအသင်း
၀င်များ၊ကိုယ်၀န်ဆောင်မိခင်များနှင့်ခင်ပွန်းများ၊ဆယ်ကျော်သက်လူငယ်လူရွယ်များ၊အရွယ်ရောက်ပြီးအမျိုးသား၊အမျိုးသမီးများနှင့်ဖိတ်ကြားထားသောသူများ တက်ရောက်ပါ၀င်ဆွေးနွေးခဲ့၍ ကိုယ်၀န်ဆောင်မိခင် များကို အနှီးပိတ်၊ကလေးကျႌနှင့်အားဆေးများ ထောက်ပံ့ပေးခဲ့ပြီးအုပ်စုခွဲ၍စကား၀ိုင်းဆွေးနွေးပွဲများပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါသည်။