မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၂၇)ကြိမ်မြောက်နှစ်ပတ်လည် ဂုဏ်ပြုအလှူငွေပေးအပ်ပွဲအခမ်းအနားပြုလုပ်ခြင်း

၂၀၁၇ခုနှစ်၊မေလ(၂၉)ရက်န႔
 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၂၇)ကြိမ်မြောက် နှစ်ပတ်လည် ဂုဏ်ပြု အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၇ခုနှစ်၊မေလ(၂၉)ရက်နေ့ နံနက် (၉;၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌ ၊အတွင်းရေးမှူးနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ၊ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှဖိတ်ကြားထားသောဧည့်သည်တော်များ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်ဘ၀မြှင့်တင်ရေးအသင်းဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊အလှူရှင်များတက်ရောက်ကြပါသည်။ အခမ်းအနားတွင်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာစန်းစန်းမြင့် အောင်ကနှုတ်ခွန်းဆက်ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ထို့နောက်ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌနှင့်ဗဟိုအလုပ် အမှုဆောင်အဖွဲ့၀င်များက အလှူရှင်များ၏ အလှူငွေများ၊ဆေးနှင့်ဆေးပစ္စည်းများကို လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်းကမြန်မာ နိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ လှုပ်ရှားဆောင်ရွက်မှုများကို ရှင်းလင်းတင် ပြခဲ့ပါသည်။ အလှူရှင်များထံမှလှူဒါန်းရရှိသည့်ငွေ၊ ဆေးနှင့် ဆေးပစ္စည်းများကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ပြည်သူလူထုအကျိုးပြုလုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ (၂၉.၅.၂၀၁၇)