မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အထောက်အကူပြုပစ္စည်းလှူဒါန်းခြင်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း(၁/၂၀၁၆) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း။ (၂၀.၉.၂၀၁၆)

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။



 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် အထောက်အကူ ပြု ပစ္စည်းလှူဒါန်းခြင်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း(၁/၂၀၁၆) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၂၀) ရက်နေ့ နံနက် (၉းဝ၀) နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက ဒေါ်ထွေးထွေးညွန့်၊ ဥက္ကဌ နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ နည်းပြဆရာမများ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌများနှင့်အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်နှင့်လယ်ဝေးမြို့နယ်များမှ သင်တန်းသူများတက်ရောက်ခဲ့ကြပြီး သင်တန်းဖွင့် အမှာ စကားကို အသင်း ဥက္ကဌ ဒေါက်တာနုနုသာမှ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပျဉ်းမနား၊ တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္ကရသီရိမြို့နယ်အတွင်းတွင် အသုံးပြုရန် ဒါးစက်တစ်လုံးစီကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက နှင့် ဥက္ကဌတို့က သက်ဆိုင်ရာမြို့နယ် ဥက္ကဌများကို ပေးအပ်ခဲ့ပါသည်။

ယခုဖွင့်လှစ်သောသင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဆရာမများမှ နည်းပြအဖြစ်ကူညီဆောင်ရွက်ပြီး ဒက္ခိဏ သီရိမြို့နယ် နှင့်လယ်ဝေး မြို့နယ်များမှ သင်တန်းသူ စုစုပေါင်း (၃၈) ဦးတက်ရောက်မည်ဖြစ်ရာ သင်တန်းကာလမှာ (၂၀.၉.၂၀၁၆) မှ (၄.၁၁.၂၀၁၆) ထိ (၄၅) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။