၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက်ကဌ ပါမောက်ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် အဖွဲ့၊ ရခိုင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့ စျေးဟောင်းပိုင်းရပ်ကွက် မိခင်နှင့်ကလေးအသင်းပိုင် မူကြိုကျောင်းရှိ ကလေးငယ် ၃၀ ဦးအတွက် ထီးနှင့် ငွေကျပ် တစ်သိန်းတို့ကို မင်းပြားမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းထံ ယနေ့မွန်းလွဲ ၂ နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
Credit: ကြေးမုံသတင်းစာ . ၀င်းမင်းစိုး (ပြန်/ဆက်) ၂၀.၉.၂၀၁၇