ရင်ခွင်မဲ့ကလေးငယ်များလှျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး လှုပ်ရှားမှု

၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့
 


မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာကော်မတီမှ ဦးဆောင်၍ ကျင်းပပြုလုပ်သော ရင်ခွင်မဲ့ကလေးငယ်များလှျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး လှုပ်ရှားမှုတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် ပြခန်းပြသ ပါ၀င်ခဲ့ပါသည်။ ပဋိသနေ်ဓတည်ခြင်း၊ ကိုယ်၀န်ဆောင်စောင့်ရှောက်ခြင်း၊ သားပျက်သားလှျောခြင်း နှင့်ပတ်သက် သော အချက်အလက်များ ပြသထားပြီး လာရောက်ဖြေဆိုသူများအား မေးခွန်းများမေး၍ အဖြေမှန် ဖြေဆိုနိုင်သူများကို လက်ဆောင်ပစ်စည်းများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ မကွေးမြို့ရှိ ဆေးတက်ကသိုလ်၊ အခြေခံကျန်းမာရေးတက်ကသိုလ်၊ နည်းပညာတက်ကသိုလ်၊ ပညာရေးကောလိပ်၊ မကွေးတက်ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် မကွေးမြို့မှ လူငယ်လူရွယ်များ လာရောက် ဖြေဆိုကြပါသည်။

ထိုအခမ်းအနားသို့ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက်ကဌ ပါမောက်ခ ဒေါက်တာစန်းစန်းမြင့်အောင်၊ ဒုတိယ ဥက်ကဌ (၁) ပါမောက်ခ ဒေါက်တာမာလာ၀င်း၊ ဒုတိယ ဥက်ကဌ (၂) ဒေါက်တာတင်ညိုညိုလတ်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း ၊ အဖွဲ့၀င် ဒေါက်တာသန်းသန်းနွယ် နှင့် လက်ထောက်ဆရာ၀န်များ တက်ရောက်ခဲ့ပါသည်။