မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် နေပြည်တော်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် နေရာချထားပေးသော လယ်ဝေးမြို့နယ် ဂိုဏ်းထောက်ဘုန်းကြီးကျောင်း နှင့် သရက်တော ဘုန်းကြီးကျောင်းများသို့လည်းကောင်း ဗုပ္ပသီရိမြို့နယ်ရှိ တပေါင်းကွင်းနှင့် ပျဉ်းမနားမြို့နယ်ရှိ မဟာဗျူဟာ သာသနာ့ဗိမာန်တို့ သို့ လည်းကောင်း သွားရောက်ကာ ရေဘေးသင့်ပြည်သူများထံ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ၊ ရေသန့်နှင့်အစားအစာ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။