ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ်အတွင်း အသင်းပိုင်မူလတန်းကြိုကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်း နှင့် အသင်းပိုင်သားဖွားခန်းများအား သွားရောက်ကြည့်ရှု့စစ်ဆေးခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင် နှင့် အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါက်တာဝင်းပုလဲ နှင့် ဒေါက်တာယုယုခင် တို့သည် ရှမ်းပြည်နယ် အတွင်းရှိ မူလတန်းကြိုကျောင်း၊ ကျောင်းဆောင်သစ် ဖွင့်လှစ်ခြင်း နှင့် အသင်းပိုင်သားဖွားခန်းများအား လှည့်လည်ကြည့်ရှု့စစ်ဆေးနိုင်ရန် အတွက်  ၂၀၂၅ခုနှစ်၊ မေလ (၁၆)ရက်နေ့ တွင် နေပြည်တော် မှ တောင်ကြီးမြို့သို့ သွားရောက်ခဲ့ကြပါသည်။

၂၀၂၅ခုနှစ်၊ မေလ၊ (၁၇)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း၊ ဘဏ္ဍာရေးမှူး ဒေါက်တာဝင်းပုလဲ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာယုယုခင် တို့နှင့်အတူ ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ညိုမီစော၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး နှင့် ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးပပ တို့က ရပ်စောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၊ ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာပတ်ဖျန်းခြင်း နှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အသင်းပိုင်မူကြိုကျောင်း မှ တာဝန်ရှိသူများတို့က တက်ရောက်ခဲ့ကြပါသည်။

ဒုတိယပိုင်းအစီအစဉ်များအနေဖြင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ညိုမီစော မှ အမှာစကားပြောကြားခြင်း နှင့် ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးပပ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ မူကြိုကလေးငယ် များအတွက် ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ခြင်း၊ ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက နှင့် ဥက္ကဋ္ဌ တို့က မူကြိုကလေးငယ်များအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြပြီး   တာဝန်ရှိသူတို့က မူကြိုကျောင်းအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု့ခြင်းနှင့် ကလေးငယ်များအား အာဟာရကျွေးမွေး ခြင်းတို့ကိုဆောင်ရွက်ပြုလုပ်ခဲ့ကြပါသည်။

          ထို့နောက် အသင်း(ဗဟို)ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင် တို့နှင့်အတူ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တို့က တောင်ကြီးမြို့နယ် တောင်နီကျေးရွာ နှင့် ညောင်ဖြူစခန်းရပ်ကွက်ရှိ အသင်းပိုင်သာဖွားခန်းများသို့ သွားရောက်ကာ ကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်သည်များ မှာကြားခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ညောင်ဖြူစခန်းရပ်ကွက်ရှိ အသင်းပိုင်မူကြိုကျောင်းသို့လည်း သွားရောက်ခဲ့ကြပြီး ကလေးငယ်များ၏ ဉာဏစွမ်းရည်ပြသမှုများအား ကြည့်ရှု့အားပေးခြင်း၊ အာဟာရကျွေးမွေးခြင်း နှင့် ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အသင်း(ဗဟို) ဥက္ကဋ္ဌ နှင့် အဖွဲ့သည် နေပြည်တော်သို့ ပြန်လည်ခရီးထွက်ခွာခဲ့ကြောင်း သိရှိခဲ့ရပါသည်။