ဝန်ထမ်းတွေ့ဆုံပွဲ (ဩဂုတ်လ၊ ၂၀၂၄)

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၏ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းကို (16/8/2024)ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးရှိ ခန်းမကြီးတွင် ဆောင်ရွက်ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္က ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ လိုအပ်သည်များကို တင်ပြခြင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။